March 27, 2012

How to Make Money With Google


၁။ Google Adsense (ဂူဂယ် ကြော်ငြာများ) ကို အသုံးပြု၍ နည်းလမ်း ၂-မျိုးဖြင့် အင်တာနက်မှ တဆင့် ငွေရှာနိုင်သည်။

(၁) နည်းလမ်း-၁
ဂူဂယ်၏ Adsense Webpage တွင် မိမိ၏ ဂူဂယ် အကောင့်ထ် ဖြင့် သွားရောက် မှတ်ပုံတင်၍ ဂူဂယ်မှ ပေးသော အလိုအလျောက် ကြော်ငြာများကို ထုတ်ပေးမည့် Javascript Code များကို မိမိ၏ Website တွင် ထည့်သွင်းကာ ကြော်ငြာပေးခြင်းဖြင့် မိမိ၏ Website သို့ လာရောက်လည်ပတ်သူများမှ အဆိုပါ ကြော်ငြာလင့်ခ်များအား Click ပြီး Click တစ်ချက်လျင် ငွေမည်မျှပေးမည်ဟု ဂူဂယ်မှ သတ်မှတ်ထားသောနည်း  (Pay Per Click-PPC ) ဖြင့် ငွေရှာနည်းဖြစ်သည်။
ပုံ(၁)- ဂူဂယ် Adsense ၏ အတွင်းပိုင်းမြင်ကွင်း
ပုံ(၂)- မိမိကြော်ငြာလိုသော ကြော်ငြာအမျိုးအစားကို ရွေးချယ်နိုင်ခြင်း
၎င်းနည်းလမ်းတွင် ဂူဂယ် အနေဖြင့် ကြော်ငြာပေးသူ မိမိအား ကြော်ငြာရှင်ထံမှ ရသည့် ကြော်ငြာခကို ခွဲဝေပေးခြင်းဖြစ်ပြီး နှုန်းထားမှာ Click တစ်ချက်လျင် .20 $ ဖြစ်သည်။ ကြော်ငြာများကိုလည်း ဂူဂယ်မှ မိမိဝဘ်ဆိုက်နှင့် သင့်လျော်မည့် ကြော်ငြာ အမျိုးအစားများကို အလိုအလျောက် ထည့်သွင်းပေးသွားခြင်းဖြစ်သည်။ (ဥပမာ အနေဖြင့် မိမိ၏ ဝဘ်ဆိုက်တွင် အားကစားသတင်းများ သာရေးသားပါက အားကစားနှင့် သက်ဆိုင်သောကြော်ငြာများ၊ အားကစား ပစ္စည်းကြော်ငြာများကို ထည့်သွင်းပေးခြင်း) ထိုကြော်ငြာတစ်ခုကို ကလစ်တစ်ချက်စာအတွက် မများလှသော ငွေပမာဏဖြစ်သော်လည်း ရက်သတ္တပတ် လျင် လာရောက်လည်ပတ်သူဦးရေ ၁၀၀၀ နှင့် အထက်ရှိသော ဝဘ်ဆိုက် တစ်ခုဖြစ်ပါက တစ်လလျင် အနည်းဆုံး ဒေါ်လာ (၂၀) မှ (၅၀) ခန့် အထိကို လွယ်ကူစွာ ရှာဖွေပေးနိုင်ပြီး ထို့ထက်များပြားသော လာရောက်လည်ပတ်သူဦးရေကို ပိုင်ဆိုင်လေလေ မိမိ၏ ကြော်ငြာခများကို တိုး၍ရရှိနိုင်လေလေပင် ဖြစ်သည်။ သာဓက အနေဖြင့် ပရော်ဖက်ရှင်နယ် ဘလော်ဂါများအဖြစ် အသက်မွေးနေကြသူများသည် တစ်လလျင် ဂူဂယ် Adsense နှင့် အခြားသော Adsense Program များစွာတို့မှနေ၍ တစ်လလျင် ဒေါ်လာ (၅၀၀) မှ (၅၀၀၀) ခန့် အထိရှာဖွေနိုင်ကြကြောင်း လေ့လာတွေ့ရှိရသည်။
(၂) နည်းလမ်း-၂
နည်းလမ်း-၂ အနေဖြင့် Affiliate ဟု ခေါ်သော ဂူဂယ်၏ အရောင်း ကိုယ်စားလှယ် တစ်ဦးအဖြစ် ဂူဂယ်၏ ထုတ်ကုန်ပစ္စည်းများ၊ သို့မဟုတ်၊ ဂူဂယ်မှ ကြော်ငြာခိုင်းသော ထုတ်ကုန်ပစ္စည်းများ (ဥပမာ- Web Hosting, Logo Design, Softwares & Applications အသစ်များ..) စသည်တို့ ကို ကြော်ငြာပေးခြင်းဖြင့် မိမိထံမှ ရောင်းရ ပစ္စည်းတစ်ခုရှိတိုင်း ဂူဂယ်မှ ကော်မရှင်ခ ပေးသောနည်းဖြင့် ငွေရှာခြင်း ဖြစ်သည်။ အဆိုပါ နည်းလမ်းသည်လည်း ဂူဂယ်၏ Adsense စာမျက်နှာတွင်ပင် Sign up လုပ်ကာ ဂူဂယ်မှ ပေးသော Javascript Code အချို့ကို မိမိ၏ ဝက်ဘ်ဆိုက် စာမျက်နှာ အတွင်း ထည့်သွင်းထားခြင်းဖြင့် မည်သူသည် မိမိထံမှ တစ်ဆင့် မည်သည့် ပစ္စည်းကို အရေအတွက် မည်မျှ ဝယ်သွားကြောင်း ဂူဂယ်မှ သိရှိပြီး မိမိအား ထိုက်သင့်သော ကော်မရှင်ခကို ပေးချေပေးခြင်း ဖြစ်သည်။
ပုံ(၃)- ဂူဂယ်မှ ကြော်ငြာများကို ကြော်ငြာပေးရန် မိမိဝဘ်ဆိုက် အတွင်း ထည့်သွင်းရမည့် Code နမူနာပုံစံ
ဤနည်းလမ်းတွင် ဂူဂယ်မှ ကြော်ငြာခိုင်းသော ပစ္စည်းအသစ်၊ သို့မဟုတ်၊ ဆော့ဖ်ဝဲရ် အသစ် စသဖြင့် ပစ္စည်းတစ်ခုခုကို မိမိ၏ ဝဘ်ဆိုက်တွင် ဂူဂယ်၏ အရောင်းကိုယ်စားလှယ် တစ်ဦးအနေဖြင့် ကြော်ငြာပေးရခြင်းဖြစ်ပြီး အကယ်၍ မိမိ၏ ဝဘ်ဆိုက်ကို လာရောက် လည်ပတ်သူတစ်ဦးဦးက မိမိကြော်ငြာထားသော မိမိ၏ ကြော်ငြာ Link သို့မဟုတ် ရုပ်ပုံ မှတစ်ဆင့် ကလစ် လုပ်ကာ အဆိုပါ ပစ္စည်းကို ဝယ်ယူသွားပါက ဂူဂယ်မှ နေ၍ သတ်မှတ်ထားသော စည်းမျဉ်းများ အတိုင်း ပစ္စည်းတန်ဖိုး၏ ၁၀ ရာနှုန်းကိုဖြစ်စေ၊ ၁၅ ရာနှုန်းကို ဖြစ်စေ မိမိအား ကော်မရှင်ခအဖြစ် ပေးချေမည်ဖြစ်သည်။ မိမိရရှိမည့် ကော်မရှင်ခ တန်ဖိုးအားဖြင့် မိမိထံမှ ပစ္စည်းတစ်ခု ရောင်းလိုက်ရတိုင်း အနည်းဆုံး ဒေါ်လာ (၇၀) မှ (၃၀၀) ခန့် အထိ ရရှိနိုင်မည်ဖြစ်သည်။ သို့အတွက် ဤနည်းလမ်းသည်လည်း မိမိ၏ ဝဘ်ဆိုက်ကို လာရောက်လည်ပတ်သူများသထက် များအောင် ဆွဲအောင်နိုင်ပြီး အဆိုပါ လာရောက်လည်ပတ်သူများထဲမှနေ၍မိမိကြော်ငြာထားသော ပစ္စည်းကို ဝယ်ယူသူများအောင် ဆွဲဆောင်နိုင်လေလေ မိမိအတွက် အကျိုးအမြတ်များများ ရှိလေဖြစ်ကြောင်း တွေ့ရှိရသည်။

No comments:

Post a Comment