လက်ကိုင်ဖုန်းလေးတွေကို သုံးဖို့အတွက် မဖြစ်မနေ လိုအပ်တာကတော့ လျှပ်စစ်ဓါတ်အားပါ။ လိုအပ်တဲ့ Battery ပမာဏ မရှိဘဲ သုံးလို့ မရပါဘူး။ Battery ကို အားသွင်းတဲ့အခါ၊ လက်ကိုင်ဖုန်းနဲ့ လျှပ်စစ်ဓါတ်အား တွဲလာတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေက ဖုန်းသုံးသူတိုင်း သိထားသင့်ပါတယ်။ ဒီအချက်လေးတွေက အသေးအမွှားလေးတွေပါ။ ဒါလေးတွေကို ဂရုစိုက်ပြီး ဖုန်းသုံးတဲ့အခါ သတိထားလိုက်ရင် − လက်ကိုင်ဖုန်း Shock ဖြစ်တာ၊ မီးလောင်တာ၊ ပေါက်ကွဲတာ − အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာ တော်တော်များများကို ကြိုတင် ကာကွယ်နိုင်ပါ လိမ့်မယ်။
အရည်အသွေး မကောင်းတဲ့၊ ပျက်စီးနေတဲ့၊ မထိတထိဖြစ်ပြီး ချောင်နေတဲ့ − လျှပ်စစ်မီးကြိုးများ၊ မီးခလုပ်များ၊ ပလပ်ပေါက်များ − ကို လုံးဝ မသုံးပါနဲ့။
ရေစိုနေတဲ့ လက်တွေနဲ့ လျှပ်စစ်စီးနေတဲ့ ခလုပ်ခုံ (Power Cords) တွေကို မကိုင်ပါနဲ့။ ပြီးတော့ ခလုပ်ခေါင်းကို လက်နဲ့ကိုင်ပြီး ဆွဲဖြစ်တာမျိုး မလုပ်ပါနဲ့။
ခလုပ်ခုံ (Power Cords) တွေကို တစ်ခုခုနဲ့ ဖိထားတာ၊ ဝါယာကြိုးတွေကို ကွေးထားတာတွေ မလုပ်ပါနဲ့။ လွတ်လွတ်လပ်လပ် အလွယ်တကူ မြင်လွယ်တဲ့ နေရာမှာ ထားပါ။
Mobile phone ကို အားသွင်းနေတဲ့အချိန် (during charging) မှာ − ဖုန်းပြောတာ၊ အင်တာနက်သုံးတာ၊ ရေစိုနေတဲ့ လက်နဲ့ ဖုန်းကို ကိုင်တာ − စတဲ့ ဖုန်းကို အသုံးပြုရတဲ့ အလုပ်တွေကို မလုပ်ပါနဲ့။ ထပေါက်ကွဲတာ၊ ဓါတ်လိုက်တာ၊ မီးလောင်တာတွေ ဖြစ်တတ်ပါတယ်။
Charger, Battery စတာတွေကို ပစ်ချတာ၊ အပေါ်ကနေ အလေးအပင် တစ်ခုခုနဲ့ ဖိချတာမျိုး မလုပ်ပါနဲ့။
ကိုယ့်မှာ ဖုန်းတွေ အမျိုးမျိုး ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီဖုန်းတွေကို အားသွင်းတဲ့အခါ သက်ဆိုင်တဲ့ ဖုန်းနဲ့အတူ ပါလာတဲ့ အားသွင်းစက် Charger ကိုပဲသုံးပါ။ တခြားဖုန်းက Charger တွေကို မသုံးပါနဲ့။ ဖုန်းထုတ်တဲ့ ကုမ္ပဏီနဲ့ ဖုန်းအမျိုးအစားတွေ မတူတာနဲ့အမျှ ဖုန်းတစ်လုံးစီအတွက် သုံးထားတဲ့ Charger တွေနဲ့ ထွက်တဲ့ ဗို့အားတွေ ခြားနားတတ်ပါတယ်။ အဲဒါကြောင့် ဖုန်းနဲ့ အတူပါတဲ့ Charger ကို သုံးတာ ဘေးကင်းပါတယ်။
လျှပ်စီးလက်နေတဲ့အချိန်၊ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နေချိန်မှာ မသုံးပါနဲ့။ ဖုန်းပျက်စီး ချွတ်ယွင်းသွားနိုင်သလို ဓါတ်လိုက်ခံရဖို့ အခြေအနေလည်း များပါတယ်။
ဖုန်းမှာ သုံးထားတဲ့ Lithium ion (Li-ion) battery တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတတ်ပါတယ်။ အဲဒီလို ပျက်စီးသွားတဲ့အခါ၊ အထဲက ဓါတ်ဆားရည်တွေ စိမ့်ထွက်လာနေတဲ့ အခါတွေမှာ ဖုန်းကို ဆက်မသုံးပါနဲ့။ နီးစပ်ရာ Service Center တစ်ခုခု၊ နားလည်တဲ့ သူတစ်ယောက်ယောက်ဆီမှာ ပြသ အကြံဉာဏ်တောင်းသင့်ပါတယ်။
ပျက်စီးနေတဲ့ ဘက်ထရီတွေကို မီးလောင်လွယ်တဲ့ နေရာတွေမှာ မထားပါနဲ့။ မီးဖို၊ Microwave မီးဖို စတာတွေနားမှာ မထားပါနဲ့။ ပြီးတော့ ထုတာ၊ ရိုက်တာတွေလည်း မလုပ်ပါနဲ့။ ဒီဓါတ်ခဲတွေက အပူလွန်ကဲလာရင် ပေါက်ကွဲတတ်ပါတယ်။
ဖုန်းနဲ့ ဘက်ထရီတွေကို သိပ်အေးလွန်း ပူလွန်းတဲ့ နေရာတွေမှာ မထားပါနဲ့။ အပူလွန်ကဲတဲ့အခါ ဖုန်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေကို ပျက်စီးစေတတ်ပါတယ်။ ဘက်ထရီရဲ့ သိုလှောင်စွမ်းအားနဲ့ သက်တမ်းကိုလည်း လျော့ကျစေတတ်ပါတယ်။
ဘက်ထရီတွေကို တခြား သတ္တုတွေနဲ့ အတူတူ မထားပါနဲ့။ အတူထားမိရင် ဘက်ထရီရဲ့+ နဲ့ − ခေါင်းတွေ အချင်းချင်းထိပြီး လျှပ်စစ်စီးကူးတာတွေ ဖြစ်တတ်ပါတယ်။ ပျက်စီးသွားတတ်ပါတယ်။
အားသွင်းနေချိန်ပဲ ဖြစ်စေ၊ ကျန်တဲ့ အချိန်မှာ ဖြစ်စေ၊ ဖုန်းပြောနေ သုံးနေရင်း ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ဖုန်းအရမ်းပူလာတယ်ဆိုရင် ဆက်မသုံးပါနဲ့ ခဏလောက် ပိတ်ထားလိုက်ပါ။ Switch Off the phone totally.
ဒီအချက်လေးတွေက အသေးအမွှားလေးတွေပါ။ ဒါလေးတွေကို ဂရုစိုက်ပြီး ဖုန်းသုံးတဲ့အခါ သတိထားလိုက်ရင် − လက်ကိုင်ဖုန်း Shock ဖြစ်တာ၊ မီးလောင်တာ၊ ပေါက်ကွဲတာ − အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာ တော်တော်များများကို ကြိုတင် ကာကွယ်နိုင်ပါ လိမ့်မယ်။

No comments:
Post a Comment