32 bit တို့ 64 bit တို့ဆိုတာ Processor ရဲ့ လုပ်နိုင်စွမ်း Data တွေကို တွက်ချက်နိုင်စွမ်း နည်းပညာတွေပါလို့ပဲ အရင် မှတ်ထားလိုက်ပါ.. သိထားရမှာကတော့ 64 bit processor ရဲ့ လုပ်ဆောင်ချက်က 32 bit ထက် ပိုပြီး မြန်ဆန်သွက်လက်ပါတယ်.. တချိန်တည်းတပြိုင်တည်းမှာပဲ Program တွေအများကြီးကို Run ထားနိုင်ပါတယ်..
32 bit OS တို့ 64 bit OS တို့က တော့ Operating System (Windows) ကို ပြောတာပါ.. 64 bits OS က RAM ပမာဏကို ပိုပြီး အသုံးချ နိုင်တယ်.. 32 bits OS က တော့ RAM ပမာဏ ကို အပြည့်အ၀ အသုံးမချနိုင်ဘူး..
အဲတော့ 64 bits OS က ပိုမြန်တယ်လို့ ဆိုနိုင်တယ်.. RAM ကို 4GB ကနေ အထက် သုံးနိုင်တယ်.. ဒါပေမယ့် .. သူ့အတွက်က လိုချင်တဲ့ဆော့ဝဲတွေကို အလွယ်တကူ အင်စတော လုပ်လို့မရနိုင်ဘူး 64 bits OS ကို support လုပ်နိုင်တဲ့ specified application/software တွေ အသုံးပြုလို့ရနိုင်မယ်.. များသောအားဖြင့်တော့ application တော်တော်များများက 64 bit အတွက်ပါ အဆင်ပြေအောင်တော့ ရေးထားကြပါတယ်..
အဲတော့ မေးစရာတွေ ရှိလာပါလိမ့်မယ်..
၁။ ကျနော့စက်မှာတင်ထားတာက 32 bit OS လား 64 bit OS လား.
အဖြေ.>> အလွယ်ဆုံးနည်းကတော့ My Computer ကို Right Click>> Properties >> General Tab မှာ လက်ရှိ windows အမျိုးအစားကိုပြပါတယ် ဥပမာအားဖြင့်
64 bit OS ဆိုရင် Windows XP Professional x64 Edition Version ...
32 bit OS ဆိုရင် Windows XP Professional Version / Service pack .. စသည်ဖြင့်ပေါ့.
မသေချာဘူး နောက်တစ်မျိုး ထပ်ပြီးဘယ်မှာ ကြည့်လို့ရနိုင်မလဲ.. ရပါသေးတယ်.. Run မှာ dxdiag လို့ ရိုက်ပါ.. အဲဒိမှာ Processor မှာ ကြည့်ကြည့်ပါ.. 64 bit ဆိုရင် 64-bit လို့ ရေးထားပါလိမ့်မယ်.. x86(32 bit) ဆိုရင်တော့ ပုံမှန်ပဲ ပြထားပါလိမ့်မယ်..
နောက်တစ်နည်း ကတော့ Start Menu >> Run >> winmsd.exe လို့ ရိုက်လိုက်ပါ.. အဲဒိမှာလည်း System type မှာ.. x86(32 bit) လား x64(64 bit) လားဆိုတာ ပြနေပါလိမ့်မယ်..
နောက်တစ်နည်းကတော့ Device Manager မှာ Processor ကို Double Click (or) Right Click >> Properties .. မှာ Detail Tab မှာ .. x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..
နောက်တစ်နည်းရှိသေးတယ်. :D Run >> regedit >> HKLM\Hardware\DESCRIPTION\System\CenteralProcessor\0 မှာ ညာဘက်က Identifier ဆိုတဲ့ value မှာ အပေါ်ကလိုပဲ x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..
၂။ 32 bit Processor နဲ့ 64 bit Processor ဘယ်လိုခွဲမလဲ
အဖြေ >> ဖိုရမ်တော်တော်များများမှာ ဒီကိစ္စနဲ့ ပတ်သတ်လို့ တော်တော်လေး ခေါင်းစားထားကြတာတွေ့ရပါတယ်..
နည်းမျိုးစုံသုံးပြီးတော့ ခွဲနေကြပါတယ်.. ဒါပေမယ့် ခေါင်းပဲစားနေဆဲဖြစ်နေကြပါတယ်.. အဲတော့ ခေါင်းမစားပဲ တစ်ခုခု စားကြရအောင် :D CPU-Z .(installer ကိုပဲ Download လုပ်ပါ) သို့မဟုတ်
AIDA32 ဆိုတဲ့ Freeware လေးတွေနဲ့ စစ်လို့ရပါတယ်.. CPU-Z ကို run လိုက်ပြီးရင် အောက်မှာပြထားသလိုပေါ့..

No comments:
Post a Comment