IT4U
Welcome
October 12, 2021
February 16, 2016
Mi Logo မှာရပ်နေသော Mi Phone များ ကိုဆယ်တင်နည်း
Mi Logo မှာရပ်နေသော Mi Phone များ ကိုဆယ်တင်နည်း
Fastboot Firmware လည်းအဆင်သင့် မရှိ၊ စာမေးပွဲလည်း နီးနေတော့ Phone ၀ယ်ထားတဲ့ Mi Store မှာ Firmware တင်ဖို့ သွားပေးထားတာ ၁ ပါတ်ကြာသွားတယ်။ Firmware တင်လို့မရတော့ဘူး။ Hardware ထိသွားတယ်။ လဲဖို့ပစ္စည်း မရှိဘူး၊ ပြန်လာယူပါလို့ဖုန်းဆက်လို့ သွားယူပြီး ကလိလိုက်တာ ကောင်းသွားလို့ ကျွန်တော့်လို ဖြစ်နေသူများ အတွက် ပြန် ရှယ်တာပါ။
ကိုယ့်ဟာကို ပြန်တင်ကြည့်မယ်ဆိုပြီး Fastboot Firmware ကို နာမည်ကြီး Software ဆိုင်တွေမှာ လိုက်ရှာတာ မရတော့ ဖုန်းအင်တာနက်နဲ့ပဲ MB 800 ကျော်ကို ဒေါင်းရတာပေါ့ဗျာ။
Fastboot Firmware ဒေါင်းပြီးတော့ တင်တာ မရဘူးဗျာ Mi Logo မှာတင်ရပ်နေတာ။ မကျေနပ်တာနဲ့၃/၎
ခါလောက်တင်ကြည့်တယ်။ Mi Logo မှာပဲရပ်နေတာ။မရဘူး။
ဒါနဲ့ ထုံးစံအတိုင်း Google ကိုပဲအားကိုးပြီး ပြန်တင်လိုက်တာ အဆင်ပြေသွားတယ်။
ကဲ Firmware တင်ဖို့စမယ်ဗျာ။
လွယ်လွယ်လေးပါ။
လိုအပ်တာတွေကတော့----
၁။ သက်ဆိုင်ရာဖုန်း အမျိုးအစားရဲ့ Recovery.img
၂။ သက်ဆိုင်ရာဖုန်း အမျိုးအစားရဲ့ Fastboot Firmware
၃။ Universal Adb Driver
၎။ MiFlash Tool
၅။ Windows Computer
လိုအပ်တဲ့ Software တွေရပြီဆိုရင်-----
၁။ Universal Adb Driver ကို windows မှာ install လုပ်ပါ။
၂။ MiFlash Tool ကိုwindows မှာ install လုပ်ပါ။
၃။ Recovery.img ကိုတင်ပါ။
၎။ Fastboot Firmware ကို MiFlash Tool ဖြင့် တင်ပါ။ Restart ကျပြီး သွားရင် Firmware ပြန်တက်လာပါပြီ။
အဓိကသော့ချက်ကတော့ Recovery ပျက်သွားလို့ပါ။ ဒါကြောင့် Recovery.imgသွင်းပြီး ပါက Recovery ကနေ zip ဖိုင်ကို Flash ရင်လည်းရပါတယ်။
စာမေးပွဲပြီးမှလုပ်နည်းကို အသေးစိတ်တင်ပေးပါမယ်။ ဒီလောက်ဆိုရင် ကလိတဲ့သူများနဲ့ Service သမားတွေ သိပြီးလုပ်တတ်ပါပြီ။
ဒီ Post ကို Mi Store က Service သမားတွေဖတ်စေချင်ပါတယ်။
Mi Store မှာ ရေးထားတာလေး တစ်ခုက Firmware တင်ရင် ၁၀၀၀၀ ကျပ်တဲ့။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။
Subscribe to:
Posts (Atom)